မင်္ဂလာပါရှင်
ကောကောက အရင် post မှာ အချိန်ပိုင်း အလုပ်အကြောင်းနဲ့ ပတ်သက်ပီး ပြောပြမယ်လို့ ကတိပေးထားလို့ စာထပ်ရေးလိုက်ပါတယ်
ကိုးရီးယားနိုင်ငံမှာ နိုင်ငံခြားသား ကျောင်းသူ/သား တစ်ယောက်အနေနဲ့ အချိန်ပိုင်းအလုပ် လုပ်ခွင့် ရှိတယ်ဆိုတာ သိကြမှာပေါ့နော်
D4 သာသာစကားကျောင်းသူ/သား visa , D2 တက္ကသိုလ်ကျောင်းသူ/သား visa ကတော့ နိုင်ငံ စစရောက်ချင်း ၆လက အလုပ်လုပ်ခွင့် မရှိပါဘူးရှင်
အချိန်ကန့်သတ်ချက်လည်း ရှိပါတယ် ၁ပတ် ၂၅ နာရီ ( mon-fri ) သာ လုပ်ခွင့်ရှိပါတယ် စနေ တနင်္ဂနွေကတော့ ကန့်သတ် မထားပါဘူး
အချိန်ပိုင်း ပိုက်ဆံအနေနဲ့ တရားဝင် အနည်းဆုံး ၁နာရီ ဝမ် ၉၆၂၀ကနေ စပါတယ်
အလုပ်အနေနဲ့ လုပ်လို့ရတာ အစားအသောက်ပိုင်းဆိုင်ရာ ပညာရေးပိုင်းဆိုင်ရာ ၂၄နာရီ convenience store တို့မှာ ဖြစ်ပါတယ်
ကောကောကတော့ ကံကောင်းစွာနဲ့ 학원 English သင်တန်းကျောင်းမှာ အင်္ဂလိပ် အချိန်ပိုင်းဆရာမအနေနဲ့ အလုပ်လုပ်နေပါတယ်
အချိန်ပိုင်း အလုပ်လုပ်မယ်ဆိုင်ရင် ကျောင်းက ထောက်ခံချက်ရယ် နိုင်ငံခြားသား immigration ရုံးမှာ အချိန်ပိုင်း လုပ်ချင်ပါကြောင်း လျှောက်ရပါတယ် တရားဝင်ပေါ့နော်
မလျှောက်ပဲ လုပ်ကြပါတယ် အကယ်၍ မိခဲ့သည်ရှိသော် ဒဏ်ကြေးဆောင်ရပါတယ်
ကောကောရဲ့ ကျောင်းမှာလည်း အချိန်ပိုင်း အလုပ်ရှိသလို နေတဲ့ အဆောင်မှူး လျှောက်လို့ရတဲ့ program ရှိပါတယ် RA လို့ ခေါ်တာပေါ့နော်
အကျိုးကတော့ အဆောင်free နေခွင့်ရတာတို့ အကျိုးခံစားခွင့်ပေါ့နော်
ကဲ ဒါဆိုရင်တော့ အချိန်ပိုင်း အလုပ် အကြမ်းဖျင်းကို သိကြပီပေါ့နော်
အောက်ကတော့ အလုပ်လျှောက်လို့ရတဲ့ application ဖြစ်ပါတယ် ✌?
ကိုးရီးယားမှာ ပညာသင်ယူရင်း ဘဝကို စိန်ခေါ်ဖို့ အသင့်ဖြစ်ပီလား ?