back-button
Kay Zin Thaw ( ကေဇင်သော် )
로그인/회원가입 menu
Kay Zin Thaw ( ကေဇင်သော် ) 멘토
건국대학교
facebook instagram
မင်္ဂလာပါ
ကိုရီးယား နိုင်ငံသို့ လာရောက်ပညာသင်ကြားလိုသော မောင်လေး ညီမလေးများရှင်

အမ နာမည်က ကေဇင်သော်လို့ ခေါ်ပါတယ်။ အများကတော့ မကေလို့ ခေါ်လေ့ရှိပြီး အမခုလက်ရှိ ဆိုးလ် မြို့ Konkuk တက္ကသိုလ်မှာ Culture Contents မေဂျာနဲ့ မာစတာတန်း တက်နေပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်နော်။ မြန်မာမှာတုန်းကတော့ အမက YUFL ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်ကနေ ကိုရီးယား မေဂျာနဲ့ ကျောင်းပြီးပြီး Qualified ဝင်လို့ မာစတာတန်းကို ၂နှစ် တက်ခဲ့ပါတယ်။ ကိုရီးယား စာလေ့လာတာတော့ ၂၀၁၃ ၁၂လပိုင်းကနေ ခုထက်ထိပါပဲ။ ကိုဗစ်တွေ စဖြစ်တော့ မြန်မာမှာ ကျောင်းတွေ ဆက်တက်မရဘဲ အမ မာစတာတန်းမပြီးမြောက်ခဲ့ရဘူး။ အဲလိုနဲ့ GKS ကိုရီးယားအစိုးရကပေးတဲ့ ပညာသင်ဆုကို လျှောက်ဖြစ်ရင်း အောင်သွားလို့ ခုလက်ရှိ 100% Fully scholarရပြီး ကိုရီးယားမှာ ပညာတော်သင်သွားရောက်ခွင့် ရရှိခဲ့တာပါ။
ခု ဒီစာကိုဖတ်နေတဲ့ မောင်လေးတို့ ညီမလေးတို့ အနေနဲ့လည်း ကိုယ်တိုင် ပညာတော်သင်ဆု လျှောက်ပြီး လာချင်လို့ ဖြစ်ပါစေ ကိုယ့်စရိတ်နဲ့ ကိုယ်လာချင်လို့ ဖြစ်ပါစေ ပြင်ဆင်ရင်း တယောက်တည်း အခက်အခဲတွေ အများကြီး တွေ့ကြုံရမှာ အမှန်ပါပဲ။ အခက်အခဲတွေကို အတူတူဖြေရှင်းရင်း မေဂျာနဲ့ ကျောင်းရွေးချယ်မှုတွေအတွက် မရေ မရာ ဇဝေဇဝါ ဖြစ်နေတဲ့ အပိုင်းတွေကို အမနဲ့ အတူ ပြင်ဆင်နိုင်ပါတယ်။
အမကိုယ်တိုင်လည်း လေ့လာနေဆဲ လူငယ်တယောက်ဖြစ်တဲ့အတွက် အတူတူ အဖြေရှာကြရအောင်နော်။
이 멘토가 작성한 스토리
홈으로
멘토링 구독이 완료되었어요!
그럼 지금 바로 멘토에게 질문을 남겨볼까요?
홈으로
멘토링 구독에 실패했어요...
다시 시도하시겠어요?